ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင် တွင် ယခင် ( ၁၆-၆-၂၀၂၀ ) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲဇီးကွက် (၂၀၀/-) ၊ ပဲတီစိမ်း (၁၀၀၀/-) ၊ ထောပတ်ဖြူ (၁၀၀၀/-) ကျပ် စျေးကျကာ စားအုန်းဆီ (၆၀/-) ၊ စွန်တာပြာ (၃၀၀/-)၊ ကုလားပဲ(HL) (၇၀၀/-)၊ ကုလားပဲ(929) (၁၀၀၀/-)၊ ပြောင်းဖူးစေ့စီပီ (၂၀၀/-) ကျပ် စျေး တက် ၍ ကျန်ပဲမျိုးစုံနှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်းဖြူသန့် (၅၀၀) အိတ်၊ ပဲတီစိမ်း (၅၀၀) အိတ်နှင့်စီပီပြောင်း(၁၀၀၀)အိတ်အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။